ကျောင်းတွေဖွင့်တဲ့ကာလတွေဆိုတာ မိဘတွေအတွက်တော့ မိမိရင်သွေးလေးတွေအတွက် ခံစားချက်ပေါင်းစုံ ရောထွေးနေတဲ့ နေ့တွေပါဘဲ။ ကိုယ့်ရင်သွေးလေးတွေက အိမ်မှာပဲ နေတတ်သေးတယ်လို့ ထင်နေချိန်မှာပဲ ကျောင်းသွားဖို့ ပြင်ဆင်နေကြတာကို မြင်ရတဲ့အခါ မိဘတိုင်း ရင်ထဲမှာ ဂုဏ်ယူသလိုလို၊ စိုးရိမ်သလိုလိုနဲ့ ပူပန်နေတတ်ကြတာ ကျွန်တော်တို့ နားလည်ပါတယ်။
“ငါ့ကလေးလေး ကျောင်းမှာ အဆင်ပြေပါ့မလား၊ အာဟာရ ပြည့်ဝရဲ့လား” ဆိုတဲ့ စိတ်က မိဘတိုင်းရဲ့ နှလုံးသားမှာ ရှိနေတာပါ။
ကလေးတစ်ယောက် ပညာရေးမှာ တောက်ပဖို့ဆိုတာ ကျောင်းစာအုပ်တွေတင်မကဘဲ၊ အိမ်ကပေးတဲ့ “ကျန်းမာရေးနဲ့ စိတ်ဓာတ်ခွန်အား” က အရေးအကြီးဆုံးပါ။ မိမိကလေးကိုကျောင်းမပို့ခင် ဒီအချက်လေးတွေကို ဂရုစိုက်ပေးဖို့ အကြံပြုပါရစေ –
- နံနက်စာ၏ အရေးပါမှု: ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့နဲ့ အာရုံစိုက်နိုင်ဖို့အတွက် အာဟာရပြည့်တဲ့ နံနက်စာက မရှိမဖြစ်ပါ။ ကြက်ဥမွှေကြော်’မြေပဲထောပတ်နှင့် ပေါင်မုန့် , အာဟာရပြည့်နို့မှုန့်နှင့် အုတ်ဂျုံ , ဒိန်ချဉ် စတဲ့ စားစရာတွေက တကယ် အာဟာရ ဖြစ်ပါတယ်.
- စိတ်ပိုင်းဆိုင်ရာ အားပေးမှု: ကျောင်းသွားရမှာကို စိုးရိမ်နေတဲ့ ကလေးကို “ကျောင်းဆိုတာ သူငယ်ချင်းအသစ်တွေနဲ့ ပျော်စရာနေရာလေးပါ” လို့ မကြာခဏ ပြောပေးပါ။ မိဘရဲ့ ယုံကြည်မှုက ကလေးရဲ့ ယုံကြည်မှုပါပဲ။
- ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း: ကျောင်းဖွင့်တဲ့အစောပိုင်းကာလတွေဟာ ရာသီဥတု မတည်ငြိမ်တဲ့အချိန်မို့ ကိုယ်ခံအားကောင်းဖို့ အာဟာရဖြည့်စွက်စာလေးတွေ (ပျားရည်၊ ဗီတာမင်) ကို နေ့စဉ်တိုက်ကျွေးဖို့ မမေ့ပါနဲ့။
ပညာတတ်ကလေးတစ်ယောက် ဖြစ်လာဖို့ဆိုတာ ခရီးရှည်ကြီးပါ။ အဲဒီခရီးမှာ Afiyah Mart က သင့်ရဲ့ ကျန်းမာရေးမိတ်ဖက်အဖြစ် အမြဲရှိနေပါတယ်။ ကလေးတို့ရဲ့ ကျောင်းတက်ရက်လေး ပျော်ရွှင်စရာ ဖြစ်ပါစေကြောင်း ကျွန်တော်တို့ Afiyah Team မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
