ဟီဂျပ် ဝတ်ဆင်သူများအတွက် Hair Conditionerရွေးချယ်နည်း
ဟီဂျပ် ဝတ်ဆင်တဲ့အခါ ဆံပင်က အစိုဓာတ်ဆုံးရှုံးတာ၊ အဆီပြန်လွယ်တာနဲ့ ဗောက်ထတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ ပျော့ဆေးနဲ့ဆိုရင် သင့်ဆံပင်ကို ကျန်းမာလှပနေအောင် ထိန်းသိမ်းနိုင်ပါတယ်။
အဓိကထား ရွေးချယ်ရမည့် ပျော့ဆေးများ👇
ရေဓာတ်ဖြည့်ပေးနိုင်သော ပျော့ဆေး (Hydrating Conditioner(sad) ဆံသားတွေ ခြောက်သွေ့ပျက်စီးတာကို ကာကွယ်ဖို့အတွက် Argan Oil၊ Keratin သို့မဟုတ် Shea Butter ပါဝင်တဲ့ ပျော့ဆေးမျိုးကို ရွေးပါ။
ပေါ့ပါးသော ပျော့ဆေး
ဦးရေပြားကို မလေးစေဘဲ လေဝင်လေထွက် ကောင်းစေမယ့် ပေါ့ပါးတဲ့ အမျိုးအစားကို သုံးပါ။ ဦးရေပြားမှာ လုံးဝ မလိမ်းမိအောင် ဂရုစိုက်ပါ။
Leave-in Conditioner: ဟီဂျပ်မဝတ်ခင် ဆံသားအဖျားလေးတွေမှာ Leave-in Conditioner အနည်းငယ် လိမ်းပေးခြင်းက ပွတ်တိုက်မှုကို လျှော့ချပေးပြီး တစ်နေကုန် အစိုဓာတ်ကို ထိန်းပေးပါတယ်။
အရေးကြီးဆုံး လျှို့ဝှက်ချက်လေးကတော့
ပျော့ဆေးကို ဆံပင်အလယ်ကနေ အဖျားကိုသာ လိမ်းပါ၊ ဦးရေပြားကို ရှောင်ပါ။
ဟီဂျပ်မဝတ်ခင် ဆံပင်ကို လုံးဝ ခြောက်သွေ့အောင်ထားပါ။
စိုနေရင် ဦးရေပြား ပြသနာ တွေဖြစ်ပွားစေနိုင်ပါတယ်
Hijab girls လေး တွေရဲ့ ဆံသားပြသနာ တွေကို ဖြေရှင်းပေးမဲ့ hair conditioner လေး တွေ လိုချင်တယ်ဆိုရင် တော့ Afiyah Halal Mart မှာအစုံရှိတာကြာင့် စုံစမ်းမေးမြန်း ၀ယ်ယူနိုင်ပါတယ်ရှင်
