ဟီဂျပ် (Hijab) ဝတ်ဆင်တဲ့သူတွေ ဘယ်လို shampoo မျိူးကို ရွေးချယ်သင့်လဲ
ဟီဂျပ် (Hijab) ဝတ်ဆင်တဲ့သူတွေအတွက် ခေါင်းလျှော်ရည် (Shampoo) ရွေးချယ်တဲ့အခါမှာ ဘယ်လိုshampoo မျိူးကို ရွေးချယ်သင့်လဲ? ဆံပင်ကို ဖုံးထားရတာကြောင့် ချွေးထွက်များတာ၊ အဆီပြန်တာ၊ ဗောက်ထတာနဲ့ ဆံပင်ကျွတ်တာ မျိုးတွေ ပိုဖြစ်လေ့ရှိပါတယ်။ဒီပြဿနာတွေအတွက် အသင့်တော်ဆုံး ခေါင်းလျှော်ရည် ရွေးချယ်မှုတွေကတော့-👇 ၁။ ဦးရေပြားကို သန့်စင်ပေးပြီး လန်းဆန်းစေမည့် ခေါင်းလျှော်ရည်များ (Clarifying & Cooling Shampoos)ဟီဂျပ်အောက်မှာ ချွေးနဲ့အဆီတွေ စုမိတာ၊ အနံ့အသက်ဆိုး ထွက်တာမျိုး မဖြစ်အောင် ဦးရေပြားကို သေသေချာချာ သန့်စင်ပေးနိုင်တဲ့ ခေါင်းလျှော်ရည်မျိုးကို ရွေးချယ်ပါ။Tea Tree Oil (လက်ဖက်ဆီ) ပါတဲ့ ခေါင်းလျှော်ရည်တွေက ဦးရေပြားကို နက်ရှိုင်းစွာ သန့်စင်ပေးပြီး ဘက်တီးရီးယားနဲ့ မှိုတွေကို တိုက်ထုတ်ပေးပါတယ်။Menthol သို့မဟုတ် Peppermint (ပူစီနာ)ဆီ ပါဝင်တဲ့ ခေါင်းလျှော်ရည်တွေက…
