ကျန်းမာရေးဆိုတာ စနစ်တကျ ရွေးချယ်တတ်မှုအပေါ်မှာ မူတည်ပါတယ်။ ဆီးချိုရှိလို့ ကော်ဖီအနံ့ကိုတောင် မရှူရဲတော့ဘူးဆိုတဲ့ ဘဝကို စွန့်လွှတ်လိုက်ပါ။ ကဖင်းဓာတ်မပါတဲ့ Decaf Coffee ဟာ သင့်ကို ဘေးကင်းလုံခြုံတဲ့ လန်းဆန်းမှုနဲ့ ယုံကြည်မှုကို ပြန်လည်ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်ဗျာ။”
Decaf Coffee ဟာ သဘာဝကော်ဖီစေ့ထဲကနေ ကျန်းမာရေးကို ထိခိုက်စေမည့် ကဖင်းဓာတ်ကို ၉၇ ရာခိုင်နှုန်းထက်မနည်း ဖယ်ထုတ်ထားတဲ့ ကော်ဖီဖြစ်လို့ အောက်ပါအကျိုးကျေးဇူးတွေကို စိတ်ချလက်ချ ရရှိမှာဖြစ်ပါတယ် –
- ၁။ အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း (Lower Type 2 Diabetes Risk): ကော်ဖီမှာ ကဖင်းဓာတ်မပါဝင်သော်လည်း Chlorogenic acid နဲ့ Polyphenols လို့ခေါ်တဲ့ အစွမ်းထက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အပြည့်အဝ ကျန်ရှိနေပါတယ်။ ဒီဓာတ်တွေဟာ ခန္ဓာကိုယ်ရဲ့ ဂလူးကို့စ် (သကြားဓာတ်) ချေဖျက်မှုကို သဘာဝအတိုင်း အားကောင်းစေလို့ ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။
- ၂။ သွေးတွင်းသကြားဓာတ်ကို မကမောက်ကမဖြစ်စေခြင်း: ကဖင်းဓာတ် မပါဝင်တော့တဲ့အတွက် သောက်သုံးပြီးနောက် အင်ဆူလင်ထုတ်လုပ်မှုကို အနှောင့်အယှက်မပေးဘဲ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စွာ ထိန်းသိမ်းပေးနိုင်ပါတယ်။
- ၃။ ရင်တုန်ခြင်းနှင့် သွေးတိုးခြင်း လုံးဝမရှိခြင်း: ကဖင်းကြောင့် ဖြစ်တတ်တဲ့ နှလုံးတုန်တာ၊ ဂနာမငြိမ်ဖြစ်တာ၊ ခေါင်းမူးပြီး သွေးတိုးတက်လာတာမျိုး လုံးဝ (လုံးဝ) မဖြစ်စေဘဲ ကော်ဖီရဲ့ အရသာကို အပြည့်အဝ ခံစားရစေပါတယ်။
- ၄။ ညဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခြင်း: ဆီးချိုသမားတွေအတွက် ညဘက်အိပ်ရေးဝဝ အိပ်ပျော်ဖို့က အလွန်အရေးကြီးပါတယ်။ Decaf Coffee ဟာ သင့်ရဲ့ အိပ်စက်ခြင်းစနစ်ကို မဖျက်ဆီးတဲ့အတွက် ညနေပိုင်း သို့မဟုတ် ညစာစားပြီးချိန်မှာတောင် စိတ်အေးချမ်းသာစွာ သောက်သုံးနိုင်ပါတယ်။
- ၅။ အသည်းကျန်းမာရေးကို ကာကွယ်ပေးခြင်း: သာမန်ကော်ဖီကဲ့သို့ပင် အသည်းအင်ဇိုင်းများကို ပုံမှန်ဖြစ်စေပြီး အသည်းအဆီဖုံးခြင်း (Fatty Liver) မှလည်း သဘာဝအတိုင်း ကာကွယ်ပေးပါတယ်။
